ကော်ဖီ

in voilk •  last month

    မနက်စာ မစားဖြစ်ခဲ့တာ ကြာပြီ။ ကြာဆို COVID 19 တွေ စကတည်းကဟု ဆိုရမည်။ မနက်စာ မစားရင် ကျန်းမာရေး အတွက် မကောင်းဟု မှတ်သားဖူး၏။ သို့ပေမယ့် မတက်နိုင်ပေ။ မနက်စာ စားဖို့ အိပ်ရာ မနိုးသောကြောင့် ဖြစ်၏။ ညဘက် နောက်ကျမှ အိပ်သူမို့ မနက်အစော မထနိုင်ပေ။ ထို့ကြောင့် မနက်စာ မစားဖြစ်ခြင်း ဖြစ်၏။ မနက် ၁၀ နာရီလောက်မှ ထသဖြင့် မနက်စာနှင့် နေ့လည်စာကို ပေါင်းစား လိုက်၏။ ညစာကိုက ညနေ ၅ နာရီနှင့် ၆ နာရီကြားမှာ စားလိုက်၏။

    တနေ့ ၃ နပ်အစား ၂ နပ်သာ စားဖြစ်၏။ ၁ နပ်စာ သက်သာလည်း နည်းလားလေနော့်။ နောက်ကျမှ အိပ်တာက ကျန်းမာရေးနှင့် မညီညွတ်မှန်းတော့ သိပါ၏။ ပြင်မယ် ပြင်မယ်နဲ့ပဲ မပြင်ဖြစ်နေသေးတာ။ ခု နောက်ပိုင်းတော့ မနက် ၁၂ နာရီ သို့မဟုတ် မနက် ၁ နာရီအတွင်းတော့ အိပ်ဖြစ်နေပါ၏။ ဘောလုံးပွဲ ကောင်းသည့် ရက်မျိုး phone ကလိမိသွားသည့် ရက်မျိုးတွေမှာတော့ အိပ်ရာဝင် နောက်ကျလေ့ ရှိ၏။ ဒီရက်ပိုင်းတော့ ခပ်စောစော အိပ်ရာ ဝင်ဖြစ်၏။ ဘောလုံးပွဲတွေ မရှိနေသေးသောကြောင့် ဖြစ်၏။

    ဒီလ ၁၅ ရက်နေ့ကနေ စပြီး အိပ်ရေး ပြန်ပျက်ရဖို့ ရှိနေပြန်၏။ Euro 2024 ပွဲစဉ်တွေ စတင် ယှဉ်ပြိုင် ကစားကြတော့မည် ဖြစ်၏။ ဥရောပ၏ အကောင်းဆုံး အသင်းတွေ ယှဉ်ပြိုင် ကစားတာကို ကြည့်ရတော့မည် ဖြစ်၏။ အသင်းစွဲရယ်တော့ မရှိပေမယ့် EPL fans ဖြစ်နေတော့ England အသင်းကိုတော့ ပိုပြီး စိတ်ဝင်စားမိ၏။

    မနက်စာ မစားဖြစ်တော့ မနက်ခင်း ကော်ဖီလည်း မသောက်ဖြစ်ပေ။ ‌မနက်စာနှင့် နေ့လာစာကို ပေါင်း၍ စားပြီးမှသာ ကော်ဖီ သောက်ဖြစ်၏။ မောနင်း ကော်ဖီ မဟုတ်တော့ဘဲ နေ့ခင်း ကော်ဖီပေါ့လေ။ ကော်ဖီ ကြိုက်သည် ဆိုပေမယ့် မသောက်ရ မနေနိုင်တာမျိုးတော့ မဟုတ်ပေ။ တချို့ရက်တွေဆို ကော်ဖီ ‌မသောက် ဖြစ်ပေ။ တချို့ရက်တွေကြပြန်တော့ ၂ ခွက် ဖြစ်သွားလေ့ ရှိ၏။ အိမ်မှာ ကိုယ့်ကို ဖျော်သောက်တာက ၁ ခွက်၊ သူငယ်ချင်းတွေနှင့် လက်ဖက်ရည်ဆိုင်ထားရင်း သောက်ဖြစ်တာက ၁ ခွက်။

    ဆိုင်ကော်ဖီထက် ကိုယ့်ကို ဖျော်သောက်ရသည့် ကော်ဖီကို ပိုကြိုက်၏။ ကျနော်က ကော်ဖီကို ရေနွေးနှင့် ကော်ဖီမှုန့် ဒီ ၂ မျိုးထဲသာ ထည့်သောက်၏။ သကြားကော၊ ကော်ဖီမိတ်ကော လုံးဝ မထည့်ပေ။ အရင်တုန်းကတော့ ထည့်သောက်ခဲ့ပေမယ့် ယခုနောက်ပိုင်းမှာတော့ ကော်ဖီချည်း သီးသန့် သောက်ရတာကို ပိုပြီး နှစ်သက် သဘောကျမိ၏။

    ထို့ကြောင့်လည်း ဆိုင်တွေ ဘာတွေ သွားရင်တောင် ကော်ဖီကို တခြား အပို ဘာညာတွေ မထည့်ဘဲ ဖျော်ပေးဖို့ မှာရ၏။ သို့မှသာ ကော်ဖီ အရသာ၊ ကော်ဖီ ၏ ဓါတ်တွေ အပြည့်အဝ ရသည်လို့ ခံစားမိသောကြောင့် ဖြစ်၏။ ခုတောင် ကော်ဖီလေး သောက်ရင်း စာရေးနေခြင်း ဖြစ်၏။ ကော်ဖီသောက်ပြီး မိမိ ကိုယ်ကို boost လုပ်လိုက်ပါဦးမည်။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!