Apple Salad / စိတ်ပျော်သုပ်

in voilk •  4 months ago

    ဒီရက်တွေက အစားပဲ စားပြီးရင်း စားချင်မို့
    ဝိတ်တွေတော့ အတော်တက်လာပြီရယ်

    ဝလာရင် ပြန်အစားလျော့နဲ့တော့
    သံသရာကို လည်နေတာပါပဲ

    ညစာကို ထမင်းကလည်းမစားချင်တော့
    စိတ်ကူးတည့်သလို လုပ်စားဖြစ်နေရာက
    ဒီနေ့ ပန်းသီးလေး သုပ်စားလိုက်တယ်

    ကျွန်တော့အတွက် စိတ်ရှုပ်စရာများလာရင်
    တကူးတက သုပ်စားဖြစ်တာလည်း
    ပန်းသီးသုပ်ပါပဲ

    ရေးရင်းတောင် သရေကျလာတာမျိုး

    သရေကျဆို ဒီနေ့က
    ပန်းသီးတစ်လုံး
    မာကလာသီး တစ်လုံး (အလယ်အဆံမပါ)
    ဇီးပန်းသီး (နှစ်လုံး )
    သံပုရာသီး (တစ်ခြမ်း အခွံပါထည့်)
    ပုဇွန်ခြောက် နည်းနည်း
    ပဲပုတ်ထောင်း (လဖက်စားဇွန်း တစ်ဇွန်း)
    နှမ်း (လဖက်စားဇွန်း နှစ်ဇွန်း)
    မြေပဲထောင်း (လဖက်စားဇွန်း နှစ်ဇွန်း)
    ငံပြာရည်နည်းနည်း
    ငရုတ်သီးဆီမွှေး (လဖက်စားဇွန်း တစ်ဇွန်း)
    သကြား (လဖက်စားဇွန်း နှစ်ဇွန်း)
    ထည့်ပြီး သုတ်ထားတာရယ်

    ဒီနေ့က ဆန်းကစ်သီး ဝယ်မရလို့
    သံပုရာသီး (တစ်ခြမ်းကို ထည့်တာပါ)

    ဆန်းကစ်သီးရရင် တစ်လုံးလုံးကို
    အခွံပါ လှီးထည့်ပြီးသုပ်ရင်
    အရသာက ရှယ်ပဲ

    ပန်းသီးရဲ့ ကြွပ်ဆတ်မှုရယ်
    ပုဇွန်းခြောက်ခပ်အိအိလေးကို
    တစိမ့်စိမ့်ဝါးရင်း
    မြေပဲ နှမ်း ငရုတ်သီးတို့ပေါင်းစပ်တဲ့
    မွှေးတဲ့အနံ့ရယ်ကလေ
    ကျွန်တော်အကြိုက်ဆုံးပါပဲ

    စာဖတ်သူ ချစ်မိတ်ဆွေတို့ရော
    လုပ်စားနေကြဆိုရင်
    ဘယ်လို သုတ်လဲ ပြန်ဝေမျှပါအုံးနော်

    မလုပ်စားဖူးသေးဘူးဆိုရင်လည်း
    လုပ်စားကြည့်ပြီး အတွေ့အကြုံလေး
    ဝေမျှပေးဖို့ တောင်းဆိုရင်း

    ချစ်တဲ့
    တီဖြိုး

    ၇/၃/၂၀၂၄

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!