Step N

in voilk •  3 months ago

    STEPN ဆိုတဲ့ ကျန်းမာရေး digital ဖိနပ်လေးတွေကို မှတ်မိကြသေးရဲ့လား?

    စတင်မိတ်ဆက်ချိန်တုန်းက “လမ်းလျှောက်ရင်း ပိုက်ဆံရတယ်ဟ” ဆိုပြီး အတော်လေးကို Hype ကြမ်းခဲ့၊ အရောင်းအဝယ်ကြမ်းခဲ့၊ ဈေးကြမ်းခဲ့ပေမယ့် တရုတ်မှာ ban လိုက်ပြီးတဲ့နောက်ပိုင်းကစလို့ bear market နဲ့အတူ တစစဈေးကျသွားရာကနေ နောက်ပိုင်း အတော်လေးကို သတင်းပျောက်နေခဲ့တဲ့ move-to-earn လမ်းလျှောက်ရင်းငွေတွေဝင်တဲ့ STEPN project ဟာ Adidas နဲ့ collab လုပ်ပြီး တစ်ဖန်ပြန်လာခဲ့ပါပြီ။

    ဒီ collab ကနေ 1,000 NFT ပါဝင်တဲ့ exclusive NFT sneaker collection တစ်ခုထုတ်သွားမှာဖြစ်ပြီး STEPN x Adidas Genesis Sneakers လို့ နာမည်ပေးထားပါတယ်။ ဗုဒ္ဓဟူးနေ့ကစလို့ MOOAR marketplace ပေါ်မှာ ဝယ်လို့ ရနိုင်မှာဖြစ်ပြီး STEPN user ပေါင်း 200 ကတော့ early access ရထားပြီးကြပါပြီ။

    NFT ပေါင်း 790 ကို raffle pass တွေကနေ တဆင့် ရောင်းချသွားမှာဖြစ်ပြီး ကျန်တဲ့ 10 ခုကိုတော့ marketing အတွက် သုံးသွားမှာဖြစ်ကြောင်း ကြေငြာထားပါတယ်။

    NFT တစ်ခုစီအတွက် 10,000 GMT ($2,500 ဝန်းကျင်) ဈေးသတ်မှတ်ထားတာကြောင့် comeback မှာလည်း ဈေးက ခပ်ကြမ်းကြမ်းပါပဲ။ ဒါပေမယ့် ဒီတစ်ခေါက်ကတော့ digital NFT sneaker တွေချည်းပဲမဟုတ်တော့ဘဲ physical sneaker တွေပါ ယူလို့ရနိုင်မှာဖြစ်ပါတယ်။

    STEPN ဟာ လွန်ခဲ့တဲ့ရက်ပိုင်းကမှ $30 million ဖိုး airdrop campaign ကို အဆုံးသတ်ထားတာလည်းဖြစ်ပြီး 2024 bull market မှာ user တွေရဲ့ attention ပြန်ရနိုင်ဖို့ ကြိုးစားလာနေပုံပါပဲ။

    ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီး cryptocurrency တွေကို အရောင်းအဝယ်လုပ်ရာမှာ ကိုယ်တိုင်လေ့လာဆန်းစစ်သုံးသပ်ပြီးမှသာ အရောင်းအဝယ်လုပ်ကြဖို့ တိုက်တွန်းပါတယ်။

    Reference Link: https://www.retaildive.com/news/adidas-genesis-stepn-nft-sneaker-collection/713303/

    အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
    https://t.me/myancrypto
    https://t.me/myancryptochannel

    Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
    https://www.youtube.com/c/MyanCrypto

    Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
    https://discord.gg/zxJK6sVMDH

    Binance Myanmar Telegram Group
    https://t.me/BinanceBurmese

    Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
    https://accounts.binance.com/en/register?ref=TA690MBH

    Future Trading အတွက် Referral Code: myancrypto
    Mining Account အတွက် Referral Code: E381THBL

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!