နွှဲစရာရှိ နွှဲ

in voilk •  3 months ago

    US SEC ကတော့ 2023 ခုနှစ်အတွင်း CEX (Centralized Exchange) တွေကို ပြဿနာရှာပြီးနောက် 2024 ခုနှစ်မှာတော့ DEX (Decentralized Exchange) တွေကို စတင်ပြဿနာရှာတော့မယ့်ပုံပါပဲ။ DEX တစ်ခုဖြစ်တဲ့ Uniswap ကို US SEC ဖက်ကနေ သတိပေးစာပို့ခဲ့ကြောင်းကို Uniswap team ဖက်က အတည်ပြုလိုက်ပြီး မကြာခင်မှာ SEC နဲ့ Uniswap တို့ရဲ့ တရားစီရင်ခန်းကို တွေ့မြင်လာရနိုင်ပါတယ်။

    Uniswap ဟာ Ethereum blockchain ပေါ်မှာ token အလွှဲအပြောင်းတွေကို အလိုအလျောက်လုပ်လို့ရနိုင်အောင် ဖန်တီးပေးထားတဲ့ platform တစ်ခုဖြစ်ပြီး CEX တွေ မသုံးချင်တဲ့သူတွေအတွက် ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေပါတယ်။ ဒါပေမယ့် SEC ဟာ Uniswap ရဲ့ အဓိက developer ဖြစ်တဲ့ Uniswap Labs ကို 2021 ခုနှစ်တည်းက စုံစမ်းစစ်ဆေးနေတာဖြစ်သလို SEC ကို လိုက်လျောပေးတဲ့အနေနဲ့လည်း Uniswap DEX ပေါ်ကနေ token အတော်များများကို unlist လုပ်ပေးထားခဲ့ပါတယ်။

    SEC အနေနဲ့ DeFi (Decentralized Finance) ပိုင်းကို ထိန်းချုပ်ချင်တယ်ဆိုရင် စည်းမျဉ်းဥပဒေမရှိ၊ အာဏာအလွဲသုံးစားလုပ်တာမျိုးမဟုတ်ဘဲ DeFi နဲ့ သက်ဆိုင်တဲ့ ဥပဒေစည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်းချပြပေးဖို့ လိုအပ်မှာဖြစ်ကြောင်း Uniswap ဖက်က ဆိုထားပါတယ်။
    SEC ဟာ မနှစ်တုန်းက Binance နဲ့ Coinbase တို့ကို တရားမစွဲခင်တုန်းကလည်း အခုလိုမျိုး သတိပေးစာအရင်ပို့ခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ အမှုခေါင်းစဉ်မျိုးစုံတပ်ပြီးကို တရားစွဲခဲ့ဖူးတဲ့ ရာဇဝင်ရှိခဲ့ဖူးပါတယ်။

    Reference Link: https://cointelegraph.com/news/sec-issues-wells-notice-defi-protocol-uniswap

    အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
    https://t.me/myancrypto
    https://t.me/myancryptochannel

    Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
    https://www.youtube.com/c/MyanCrypto

    Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
    https://discord.gg/zxJK6sVMDH

    Binance Myanmar Telegram Group
    https://t.me/BinanceBurmese

    Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
    https://accounts.binance.com/en/register?ref=TA690MBH

    Future Trading အတွက် Referral Code: myancrypto
    Mining Account အတွက် Referral Code: E381THBL

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!