My Cleanplanet activities for Super Sunday. (21-4-2024)

in voilk •  3 months ago

    Hello friends.
    I am every Sunday
    Garbage from around the house
    Collected.
    Today (21-4-2024) is Sunday
    Twenty-fifth garbage collection
    It is.

    ကျွန်တော်သည် တနင်္ဂနွေနေ့တိုင်း
    အိမ်အနီးပတ်ဝန်းကျင်မှ အမှိုက်များကို
    ကောက်ယူပါသည်။
    ယနေ့ (21-4-2024) တနင်္ဂနွေနေ့သည်
    နှစ်ဆယ့်ငါးကြိမ်မြောက် အမှိုက်ကောက်ယူခြင်း
    ဖြစ်ပါသည်။

    မြန်မာပြည်အလယ်ပိုင်း အပူကတော့
    အောင်ပွဲခံလျှက်။ သို့ပေသိ ယနေ့တော့
    မိုးအုံ့သလိုလို၊ တခါတရံ လေရူးတိုက်ခိုက်
    သဖြင့် အပူသက်သာသည်။

    ယခင် သင်္ကြန်ရက်များမှာ မိုးရွာသွန်းတတ်သည်။
    ယခုသင်္ကြန်ရက်မှာ မိုးမရွာတော့ အပူကို
    ပို၍ ပူစေသည်။ နေ့ခင်းအပူကြီးထဲ အမှိုက်
    ကောက်ထွက်သည်။ အမှိုက်ကောက်ရာတွင်
    သစ်ပင်အရိပ်အောက်မှာရှိသော အမှိုက်ကို
    ဦးစားပေးကောက်ယူသည်။

    လမ်းမ နေပူထဲ ရှိသော အမှိုက်ကို
    အပြေးအလွှား ကောက်ယူ၊ အပြေးအလွှား
    ဓာတ်ပုံရိုက်ရသည်။ ကျွန်တော်ကတော့
    ကိုယ့်အကြောင်းနှင့်ကိုယ် ထိုသို့ အမှိုက်ကောက်
    ယူခြင်း၊ ဓာတ်ပုံရိုက်ခြင်းပြုလုပ်သည်။
    ကျွန်တော်၏ ထိုအပြုအမူကို အခြားမြင်သူ
    များက မည်သို့ ထင်မြင်မည်မသိပေ။

    မတတ်နိုင်ပေ မြင်ချင် ထင်ချင်သလို ရှိကြပါစေ။
    Hive မှာ ပိုစ့်တင်ဖို့က ကိုယ်တွေအတွက်
    အဓိကဖြစ်သည်။ Hive ဈေးသည် ပြားသုံးဆယ်
    သို့ ပြန်ဆင်းလာသည်။ ကိုယ်တွေဖြစ်စေချင်
    ဒေါ်လာသုံးဆယ်။ ဖြစ်နေတာက ပြားသုံးဆယ်။
    အင်း ခုခေတ်စကားလုံးနဲ့ ပြောပါမူ
    မဆိုးပါဘူး ဟူ၍သာ။

    @htwegyi
    April 21, 2024

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!