Come on United

in voilk •  2 months ago

    ဒီနေ့ မြန်မာစံတော်ချိန် ည 10 နာရီမှာ EPL Round 37 ရဲ့ ပွဲကြီး ပွဲကောင်း အဖြစ် Old Trafford ကွင်းကြီးမှာ Manchester United vs Arsenal တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ United အတွက်ကတော့ ဘာမှ မထူးခြားတော့ပေမယ့် Arsenal အတွက်က Man City သာ ခြေချော်ခဲ့ရင်ဆိုသည့် မျှော်လင့်ချက်လေး ရှိနေသေးတော့ စိတ်ဝင်စားဖို့ ကောင်းသည့် ပွဲစဉ်တပွဲ ဖြစ်မှာ အမှန်ပင်။ United အနေဖြင့်လည်း ဘာမှ မထူးတော့ဘူး ဆိုပေမယ့် ဂုဏ်သိက္ခာအရတော့ Arsenal ကို သေချာ ကစားမည်ဟု ထင်မိ၏။

    ဘာတွေ ဘယ်လို ဆက်ဖြစ်လာမည်ကတော့ စောင့်ကြည့်ကြရုံပေါ့။ EPL ကနေ Championship သို့ တန်းဆင်းရမည့် အသင်းတွေကတော့ ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်၏။ Luton Town နှင့် Nottm Forest တို့ အပြိုင် ဖြစ်နေသည့် အနေအထားမှာ မနေ့က နှစ်သင်းလုံးက ကိုယ်စီ ရှုံးပွဲတွေ့သွားခဲ့ကြ၏။ Luton Town က West Ham ကို 3-1 ဂိုးဖြင့်လည်းကောင်း Nottm Forest က Chelsea ကို 2-3 ဖြင့်လည်းကောင်း ရှုံးနိမ့်သွားခဲ့၏။

    Nottm Forest သာ ရှုံးပြီး Luton Town က အနိုင်ရခဲ့ရင် Luton Town တို့ အခွင့်အရေး ရနိုင်၊ ဖြစ်နိုင်သေးပေမယ့် ခုတော့ သူတို့ပါ လိုက်ရှုံးသွားတော့ ဘာမှ လုပ်မရတော့ပေ။ ခုက နောက်ဆုံးပွဲကို Nottm Forest တို့ ထပ်ရှုံးခဲ့ရင်တောင် အမှတ်တူ ဂိုးကွာခြားချက်ကြောင့် Luton Town တို့သာ တန်းဆင်းရဖို့ ရှိ၏။

    ဒီနေ့မှာ United အမျိုးသားအသင်းအပြင် အမျိုးသမီးအသင်း၏ ပွဲစဉ်လည်း ရှိနေ၏။ Manchester United Women vs Tottenham Women တို့၏ ပွဲစဉ် ဖြစ်၏။ WSL ပွဲစဉ် မဟုတ်ပေ။ Women FA Cup Final ဖြစ်၏။ မနှစ်ကော၊ ဒီနှစ်ကော United အမျိုးသား၊ အမျိုးသမီးအသင်း နှစ်သင်းလုံး FA Cup Final ရောက်၏။ မနှစ်ကတော့ နှစ်သင်းလုံး ဗိုလ်စွဲနိုင်ခြင်း မရှိခဲ့ပေ။ အမျိုးသားအသင်းက Man City, အမျိုးသမီးအသင်းက Chelsea တို့နှင့် ဆုံခဲ့ခြင်း ဖြစ်၏။

    ဒီနှစ်မှာလည်း အမျိုးသားအသင်းက Man City နှင့်ပဲ ထပ်မံတွေ့ဆုံခဲ့၏။ အမျိုးသမီးအသင်းကတော့ မနှစ်က Final မှာ ဆုံခဲ့သည့် Chelsea ကို ဒီနှစ် Semi final မှာ (2-1) ဂိုးဖြင့် အနိုင်ယူခဲ့ပြီး Tottenham နှင့် ဗိုလ်လုပွဲမှာ ဆုံခြင်း ဖြစ်၏။ မနှစ်က မရယူနိုင်ခဲ့သည့် FA ဖလားကို ဒီနှစ်မှာ အရယူသွားနိုင်မလားကတော့ စောင့်ကြည့် အားပေးရပေလိမ့်မည်။ ကျနော့် အသည်းကျော် Ella Toone တယောက် FA Cup Final မှာ ခြေစွမ်းပြပြီး ဗိုလ်စွဲ နိုင်ဖို့ ဆုတောင်း မျှော်လင့် မိပါ၏။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!