My Cleanplanet activities for Super Sunday.(25-2-2024)

in voilk •  4 months ago

    I am every Sunday
    Garbage from around the house
    Collected.
    Today (25-2-2024) is Sunday
    Seventeenth garbage collection
    is.

    ကျွန်တော်သည် တနင်္ဂနွေနေ့တိုင်း
    အိမ်အနီးပတ်ဝန်းကျင်မှ အမှိုက်များကို
    ကောက်ယူပါသည်။
    ယနေ့ (25-2-2024) တနင်္ဂနွေနေ့သည်
    ဆယ့်‌‌ခုနှစ်ကြိမ်မြောက် အမှိုက်ကောက်ယူခြင်း
    ဖြစ်သည်။

    ဆောင်းကုန်တော့မည်ဆိုတော့ နေက ပူလာသည်။
    နေ့လယ်ခင်း နေပူပူအောက်မှာ ခြံအပြင်သို့
    ထွက်သည်။ ခြံအပြင်ရှိ အမှိုက်များကို
    လိုက်လံကောက်သည်။ အပတ်စဉ် အမှိုက်
    ကောက်သည့်အပြင် ခြံအပြင်ထွက်တိုင်း
    အမှိုက်တွေ့ရင် ကောက်နေ့သည့်အတွက်
    အမှိုက်က ယနေ့နည်းသည်။

    တခါသုံးပလပ်စတစ်အိတ်များကတော့
    ထာဝရအမှိုက်ဖြစ်သည်။ ထိုကြောင့်
    ထိုပလပ်စတစ်အိတ်များကိုသာ ယခုအပတ်မှာ
    အများဆုံးကောက်ယူရသည်။ မနေ့က
    ဘေးအိမ်က သန့်ရှင်းရေးပြုလုပ်သည်။
    သူ့ခြံဘေးရှိ အပင်များကို ခုတ်သည်။

    ခုတ်ပြီးသော အပင်များ၊ ကိုင်းဖျား၊ ကိုင်းနား
    များနှင့် အရွက်များကို စွန့်ပစ်ရန်စုပုံထားသည်။
    ကျွန်တော့်အကို တာယာပွကြီးက ထိုသစ်ရွက်ပုံကို
    မီးသွားရှို့သည်။ အမှိုက်ရှင်က မီးမရှို့ပါနဲ့
    အမှိုက်ကားလာလျှင် ပစ်မည်ဟုပြောသည်။
    အမှိုက်ကားကို မုန့်ဖိုးပေး၍ သိမ်းခိုင်းမည်ဟု
    ပြောသည်။

    မနက်ပိုင်း အမှိုက်ကားလာသည့်အခါ
    သစ်ပင် ကိုင်းဖျား၊ ကိုင်းနားများနှင့် အရွက်များ
    ကို သိမ်းယူခ လေးသောင်းကျပ်ပေးရမည်ဟုပြောသည်။
    သုံးသောင်းနှင့် ဈေးတည့်သွားကြ
    သည်။ ကိုယ်တွေအိမ်က သစ်ရွက်ခြောက်များ
    ကိုတော့ ငွေပေးရမည် စိုးသဖြင့် တနေ့နည်းနည်းခြင်း
    မီးရှို့လိုက်ရ ပေသည်။

    @htwegyi
    February 25, 2024

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!