ဆုတောင်းတိုင်းသာ ပြည့်စေချင်မိ။

in voilk •  2 months ago

    ဥတုရာသီက ပူလာသည်။ Crypto ဈေးများ
    ကလည်း နီလာသည်။ အပူနဲ့ အနီ မိတ်ဆွေများ
    ဖြစ်သည်။ ထရန့်တက်လာပါက Crypto ဈေးများ
    တက်မည်ဟု သတင်းများထွက်သည်။
    ထရန့် မဲနိုင်သည်နှင့် Crypto များက အစိမ်းရောင်
    သန်းကြသည်။ Trump MEME Coin များ
    လည်းပေါ်လာသည်။ Trump Coin များကို
    ရောင်းဝယ်သူများ မြတ်သူကမြတ်ကြသည်။
    Trump Coin များဈေးကောင်းတော့ Trump
    ရဲ့ မိန်းမကပါ Coin ထပ်မံထုတ်လာသည်။

    အင်း လောကကြီးက ငွေများ ငွေနောက်လိုက်
    တတ်သည့် သဘာဝကို မလွန်ဆိုင်နိုင်ပေ။
    ယခုတော့ ထရန့်တက်ခါစ အစိမ်းရောင်သန်း
    ခဲ့သော Crypto များက အနီရောင်ပြန်ဖြစ်နေသည်
    မည်သို့ မည်သည့်ကြောင့်တော့ မသိပေ။
    ကိုယ်တွေ ပင် အပြောကောင်း၊ အဆွယ်ကောင်း
    သဖြင့် BIO token ကို ပြားခုနှစ်ဆယ်က
    ဆယ့်တစ်ဒေါ်လာဖိုးခန့်ဝယ်ထားလိုက်သည်။
    ယခုတော့ ဆယ့်တစ်ဒေါ်လာမှ နှစ်ဒေါ်လာခန့်သာ
    တန်ဘိုးရှိတော့သည်။

    Crypto အရောင်းအဝယ်သည်ကား
    လောင်းကစားတခုလိုပင်။ ထရန့်၏ အပြောင်း
    အလဲကာလမှာ Crypto ငွေကြေးမြတ်သွားသူ
    များရှိသလို။ ရှုံးသူများလည်း ရှိကြပေသည်။
    ရှုံးသူများထဲမှာ ကိုယ်တွေလည်းပါပေသည်။
    ကိုယ်ရဲ့ Hive တိုကင်လေးများကို အရောင်း
    အဝယ်ပြုလုပ်သည်က သုံးဒေါ်လာခန့်ရသည်။
    ကိုယ်မသိသော Coin ကို ဝယ်လိုက်မိသည်က
    ခုနှစ်ဒေါ်လာခန့်ဆုံးရှုံးလိုက်ရသည်။

    အလောင်းအစားဆိုသည်ကလည်း အနိုင်၊ အရှုံး
    နှစ်ခုသာရှိသည်။ Crypto လောကသည်လည်း
    အရှုံး၊ အမြတ်နှစ်ခုရှိပေသည်။ အစိမ်းရောင်
    သန်းပါရင် မြတ်သည်။ ပျော်ပါသည်။ အနီရောင်
    ဖြစ်၍ ဈေးကျပြီဆိုပါရင် ရင်တွေပူရပါသည်။
    သို့ပေသိပေါ့လေ ဈေးမကျမီက ကိုယ်ကိုင်ထားသော
    တိုကင်ကို ဦးအောင် ရောင်းထားသူအဖို့
    ပြဿနာမရှိပေ။ ဈေးတက်နိုးဖြင့် မျော်လင့်ကာ
    လက်ဝယ်ကိုင်ထားသော တိုကင် ဈေးကျပါမူ
    ရင်မောရပါလေသည်။

    Crypto ဈေးအတက်အကျဆိုသည်ကလည်း
    နိုင်ငံရေးနှင့် သက်ဆိုင်ပေသည်။ အထူးသဖြင့်
    ချမ်းသာသောနိုင်ငံမှ ချမ်းသာသူများနှင့်လည်း
    ပတ်သက်ပေသည်။ သူရို့၏ နုတ်ထွက်စကား
    တလုံးသည်ကပင် Crypto ဈေးများကို
    လှုပ်ခတ်နိုင်ကြပေသည်။ အင်း စေတလုံး
    ပိုင်ရှင်တွေဖြစ်ကြပေါ့။ ဆုတောင်းတိုင်သာ
    ပြည့်ပါမူ မြန်မာပြည်အေးချမ်း၍ ထရန့်နှင့်
    အီလွန်မက်မှ Hive များကို အရူးအမူးဝယ်စု
    စေချင်ပါသည်။ သို့မှသာ Hive ဈေးများ
    အလွန်အမင်ဈေးတက်ပေမည်။
    ဆုတောင်းတိုင်းသာ ပြည့်ပါမူ မည်မျှ
    ကောင်လိမ့်မည်လဲ‌ ပေါ့နော်။

    @htwegyi
    February 6, 2025

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!