ဆိုင်ကယ်ပျက်ခြင်း

in motorcycle •  4 months ago

    ဆိုင်ကယ်ပျက်ခြင်းကို တစ်နှစ်မှာ အနည်းဆုံး ဘယ်နှစ်ခါပျက်လဲ
    အခေါက်ရေတွက်ရမယ်ထင်တယ်
    ဆိုင်ကယ်က ခဏခဏပျက်တယ်ဗျာ
    ပျက်ဆို သူ့နာမည်ကိုက ဆိုင်ကယ်လေဗျာ
    ဆိုင်ကပဲ ကယ်ကယ်ပေးမှာပေါ့နှော(နောက်တာ)
    ကျနော်ဝယ်တုန်းက ဆိုင်ကယ်ဈေးတွေက အဆမတန်ကြီးချိန်ဆိုတော့
    ဆိုင်ကယ်ပွဲစားတွေနားကပဲ
    ဈေးနိုင်တာလေး ဝယ်ခဲ့တာတစ်ကြောင်း
    နေ့စဉ်နဲ့အမျှ သွားလာရတာများတာက တစ်ကြောင်း
    လမ်းပန်းဆက်သွယ်ရေးမကောင်းတာက တစ်ကြောင်း
    အဲလိုမျိုး အကြောင်းအရာတွေများနေလေတော့လဲ
    ဒီဆိုင်ကယ်လေးပျက်တာကို အပြစ်မတင်ရက်တော့ဘူးဗျာ
    သူ ကျနော့်နားရောက်လာတာတောင် သုံးနှစ်ဝန်းကျင်ရှိပြီဆိုတော့
    သံယောဇဉ်ကလဲ တော်တော်ဖြစ်နေပြီမို့
    ဒီဆိုင်ကယ်လေးကိုပဲ အဆင်ပြေအောင် ပြုပြင်ပြီးပဲ စီးဖြစ်တယ်
    ကိုယ်တိုင်ကလဲ ဆိုင်ကယ်နဲ့ပတ်သတ်လာရင် စီးပဲစီးတတ်တာဆိုတော့
    တစ်ခုခုဆိုတာနဲ့ ဆိုင်ကယ်ပြင်ဆိုင်ကိုပဲ ပြေးရတယ်ဗျ
    ကိုယ်တိုင်လုပ်တတ်ရင်တော့ အိမ်မှာ ပြင်ယုံပဲပေါ့ဗျာ
    တစ်ခုကျေးဇူးတင်ရမှာကတော့ ဝင်ငွေမရှိချိန်ဆို
    ဆိုင်ကယ်က လုံးဝမပျက်ဘူးဗျ
    ဝင်ငွေလေး ဖြောင့်ပြီဆိုတာနဲ့ သူကဖောက်ရော
    အဲတစ်ပေါက်တော့ မမိုက်ဘူး ဟဲဟဲ
    ကျန်တာကတော့ သူ့ဟာနဲ့သူတော့ အဆင်ပြေပါတယ်
    အဲဆိုင်ကယ်လေးရောက်လာတဲ့ရက်ကစပြီးတော့
    သုံးနှစ်ကျော်မှာ ပျက်လို့တွန်းရတာက ငါးခါမပြည့်ဘူးဆိုတော့
    အရမ်းဆိုးတယ်လို့တော့ ပြောမရပါဘူး
    ဘာပဲဖြစ်ဖြစ်ပါ ကိုယ့်လက်ထဲမှာကြာလာတော့ သံယောဇဉ်က တွယ်လာပြီမို့ ဒီဆိုင်ကယ်လေးကိုပဲ ရသလောက်ပဲ ပြင်စီးရတာပေါ့ဗျာ

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!