ကိုယ်ချင်းစာစိတ်

in knowledge •  4 months ago

    ွကုိယ်ချင်းစာစိတ်ဆိုတ့ဲအကြောင်းလေးကိုကျွန်တော်သိသလောက်လေးမျှဝေချင်ပါတယ်။ 15.4.2024ရက်နေ့ကကျွန်တော်ကြုံတွေ့ရတ့ဲအဖြစ်ပျက်လေးတစ်ခုန့ဲပြောပရစေ။အ့ဲနေ့က မနက်၈နာရီလောက်ကပေါ့ ကျွန်တော့ဆိုင်သွားတ့ဲအချိန် လမ်းမှာဖုန်းတစ်လုံးပြုတ်ကျနေတာတွေ့တယ်ဗျ။အာ့န့ဲကျွန်တော်လဲကောက်ပီး ဖုန်းကိုဖွင့်ကြည့်လိုက်တယ်ဗျ။ဖုန်းပြုတ်ကျတ့ဲသူက သူ့ဖုန်းပြုတ်ကျမှန်းမသိးေသးဘူးထင်တယ် ပုံမှန်ဆိုပျောက်တာန့ဲကိုယ့်ဖုန်းကိုအလောတကြီးခေါကျတာပဲ။ဖုန်းထဲမှာဘာမှမခေါထားဘူးဗျ။အာ့န့ဲကျွန်တော်လဲအနားပတ်ကြည့်လိုက်သေးတယ်ဘယ်သူများပြန်လာရှာမလဲလို့။မတွေ့တာန့ဲကျွန်တော်လဲကောက်တွေ့တ့ဲဖုန်းယူပီးဆက်သွားနေတုန်း ကျွန်တော်အတွေးတစ်ခုဝင်လာတယ်ပါဝါပိတ်ဆင်းကဒ်ကပ်ကိုဖြုတ်လိုက်ရမလားလို့ကျွန်တော်တော်ခဏရပ်ပီးစဉ်းစားလိုက်သေးတယ်ဗျ ပြန်ရောင်းရင်အနည်းဆုံးတော့၁သိန်း၂သိန်းတော့ရမှာပဲလေ ။အ့ဲအချိန်မှာနောက်အတွေးတစ်ခုကထပ်ပေါလာတယ်ဗျ အကယ်လို့ငါဖုန်းပျောက်သွားရင်ကော ငါဘယ်လိုခံစားရမလဲ။ ကျွန်တော်ကတော့ကျွန်တော့ဖုန်းကိုအပူတပြင်းလိုက်ရှာနေမိမှာအမှန်ပဲဗျ။ကျွန်တော်လဲအ့ဲအတွေးကိုလက်ခံလိုက်ပီးဖုန်းမပိ်တ်ပဲဆိုင်ကိုဆက်သွားလိုက်တယ်ဗျ နောက်မိနစ်၃၀လောက်နေတော့မှဖုန်းဆက်လာတယ်ဗျ ကျွန်တေဲာ့ဖုန်းပျောက်သွားလို့တ့ဲ အလောတကြီးပြောနေတာဗျ ကျွန်တော်လဲ ကျွန်တော့ဆိုင်ကိုပဲလာယူဆိုပီးလမ်းညွန်ပီးလာယူခိုင်းလိုက်တယ်ဗျ။ကျွန်တော့နား​ရောက်တော့ ညီလေးဖုန်းဆိုပီးပေးလိုက်တော့ကျေးဇူးတွေဆက်တိုက်ပြောနေတာဗျ သူ့ဖုန်း ပြန်ရတော့ တော်တော်ပျော်သွားပုံရတယ်ဗျ ။ကျွန်တော်လဲဝမ်းသာရပါတယ်။ကျွန်တော်သာကိုယ်ချင်းမစာပဲ ဖုန်းပိတ်လိုက်ရင်ပိုက်ဆံတော့ရလိုက်ပင်််မ့ဲအမြဲတမ်း ကိုယ့်စိတ်ကိုယ်မလုံပဲစိတ်ဆင်းရဲနေရမှာဗျ။
    ကျွန်တော်ပြောချင်တာကလူတိုင်းသာကိုယ်ချင်းစာစိတ်ရှိနေရင်လောကကြီးကအလိုလိုလှပနေမှာပါ။တစ်ဦးန့ဲတစ်ဦးကူညီဖေးမရင်းကိုယ်ချင်းစာစိတ်ထားနှိင်ကြပါစေလို့ ကျွန်တော့ကဒီကနေအားလုံးကိုဆုတောင်းပေးလိုက်ပါတယ်။ခုလို့မျှဝေခွင့်ပြုတ့ဲhiveကိုလဲကျေးဇူးတင်ပါတယ်ဗျ။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!