ကျွန်နော်တို့တွေအားလုံး ကြုံခဲ့ဖူးတယ်။ကြိုးစားခဲ့ရတယ်။ဖြတ်သန့်းခဲ့ကြရတယ်။ဘယ်လောက်ပဲကြိုးစားကြိုးစား ရိုးသားခဲ့ကြတဲ့ကျွန်တော်တို့ ပခုံးပေါ်မှာ ရရှိလာခဲ့တဲ့ ဆုလဒ်က အမာရွတ်တွေပါဘဲ။ကြိုးစားခဲ့သမျှတိုင်းသာ အောင်မြင်မူရရှိခဲ့ကြမယ်ဆိုရင် အရှုံးတွေမှန်သမျှ မည်သူနှင့်မျှမသက်ဆိုင်ပါဆိုတဲ့စကား ရှေ့ရှေ့ထဲက ဆောင်ပုဒ်တစ်ခုအဖြစ်နဲ့ ပေါ်ထွက်လာခဲ့မှာပါ။အရာရာအရှုံးဘက်ကနေပဲ ကြုံခဲ့ကြရတယ်။ရိုးသားပါ ကြိုးစားပါဆိုတဲ့စကားကို ဘယ်သူကစပြီး သုံးစွဲခဲ့သည်မသိ ကြိုးစားသမျှ ခေါင်းပုံဖြတ်ခံခဲ့ရတယ်။ရိုးသားသမျှ အဖိနှိပ်ခံဘဝတွေနဲ့ ဖြတ်သန်းလာခဲ့ကြရတယ်။ကြိုးစားတိုင်းမဖြစ်လာနိုင်ခဲ့တာ ကျွန်နော်တို့အားလုံးအသိပါပဲ။ရိုးသားတိုင်း ဖိနှိပ်ချုပ်ချယ်ခံခဲ့ရတာ ကျွန်တော်တို့တွေအသိပါပဲ။အောင်မြင်ချင်လို့ တိုးတက်ချင်လို့ ကြီးပွားချင်လို့ ငါလုပ်ရင် ဖြစ်လာနိုင်တယ်ဆိုပြီး လုပ်မိလိုက်ရင် ဒါမလုပ်ရဘူး ဟိုဟာမလုပ်ရဘူးဆိုပြီး လုပ်ပိုင်ခွင့်များကို အသက်ရှင်နိုင်ယုံလောက်သာ ရရှိခဲ့ကြတယ်။ဘယ်မှာလည်း လနဲ့စပြီး နှစ်ချောင်းငင်ရဲ့ လွတ်လပ်စွာ ကြိုးစားပိုင်ခွင့်တွေ အကုန်လုံး တစ်ခုမှမချန် တစ်နှစ်သုံးလေးငါးဆိုတဲ့ ပုဒ်ထီးပုဒ်မတွေတက်ပြီး ဘာတစ်ခုမှ လုပ်ယူပိုင်ခွင့်တွေ မရရှိခဲ့ကြရဘူး။ကွန်နော်တို့အားလုံးဟာ ငတ်ငတ်ပျက်ပျက်နဲ့ပဲ ရှင်သန်လာခဲ့ကြတယ်။ငတ်လို့တောင်းစားပြန်တော့လည်း ညှင်းပမ်းနှိပ်စက်သည့်ဒဏ်ကို အလူးအလဲ သေလုမတက် ခံစားခဲ့ကြရတယ်။မပြိုကွဲရေးဆိုတဲ့ ဆောင်ပုဒ်ကြီးကို နေရာတိုင်းမှာ ချိတ်ဆွဲပြီး တစ်စဆီဖြစ်အောင် ချေမွခြင်းကို ခံခဲ့ရတာ အားလုံး တကွဲတပြားတွေ ဖြစ်ခဲ့ကြရတယ်။ကြုံခဲ့ကြရတယ် ဖြစ်ပျက်ခဲ့ကြရတယ် ဆိုတာတွေကိုသာ ရေးချနေမယ်ဆိုရင် ကုန်ဆုံးနိုင်လိမ့်မည်မဟုတ် ဒါကြောင့် နောက်ပြန်မလှည့်ပါနဲ့ နောက်ပြန်လှည့်ရင် ကျွန်နော်တို့တွေရဲ့ ဘဝအခြေအနေတွေဟာ ဒီထက်ကောင်းလာနိုင်စရာမရှိနိုင်တော့သလို ဒီထက်ဆိုးသွားနိုင်ရင်ကမ္ဘာမှာ ကျွန်တော်တို့သည် ပျောက်ကွယ်သွားပါလိမ့်မည်ဟု တွေးမိသမျှ ရေးချရင်းဖြင့်.......
author: @thurawinkyaw
photo images:unsplash.com
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE VOILK!
If you enjoyed what you read here, create your account today and start earning FREE VOILK!